C++ Programming ( Lesson 1 )

Wednesday, May 29, 2013
Posted by $U Y4T4N4R


အားလုံးပဲ..မင်္ဂလာပါရှင်..။ ညီမ.. Programming အကြောင်းတစေ့တစောင်းဆိုပြီး.. Programming တွေကို.. ဘယ်ကနေဘယ်လိုလေ့လာရမယ်ဆိုတာ.. ရှင်းပြခဲ့ပါတယ်။ ဒီနေ့ကနေစပြီး.. အခြေခံဖြစ်တဲ့.. C++ programming ကို.. သင်ကြာပေးသွားမှာဖြစ်ပါတယ်..။ အရင်ဆုံး..လိုအပ်တဲ့ software တွေကို.. download ချလိုက်ပါနော်..။
Download Turbo C
Download Turbo C for windows7

- Download ဆွဲလို့ရလာတဲ့.. zip file ကိုဖြည်လိုက်ပါ..။
- Turbo C ဆိုပြီး.. file တစ်ခုပေါ်လာပါလိမ့်မယ်..။ အဲ့ထဲမှ.. INSTALL.EXE ကို.. ဖွင့်လိုက်ပါ..။ Install လုပ်သွားပါလိမ့်မယ်.။
- ဘယ်မှာထားမလဲဆိုပြီး..မေးရင်.. C: or D: ကြိုက်တာထားလို့ရပါတယ်..။ box လေးတွေ..အဆင့်အဆင့်တတ်လာပါလိမ့်မယ်..။ Enter ကိုသာ.နှိပ်သွားပါ..။
- Installation ပြီးသွားရင်.. တကယ်လို့.. C အောက်မှာထားခဲ့ရင်.. C:\TC\BIN\TC.EXE ကိုသွားဖွင့်လိုက်ပါ..။ D အောက်မှာဆိုရင်တော့...  D:\TC\BIN\TC.EXE မှာရှိပါတယ်.။
- Screen အပြာရောင်နဲ့..တတ်လာပါလိမ့်မယ်..။ တကယ်လို့...သင့်ကွန်ပျူတာက.. မနိုင်ခဲ့ရင်.. "This system does not support fullscreen mode. Choose 'Close' to terminate the application" ဆိုပြီးတတ်လာပါလိမ့်မယ်..။ Fullscreen မပြနိုင်လို့..တတ်လာတာပါ..။ ဘာမှမဖြစ်ပါဘူး..။ Ignore ကိုသွားရွေးလိုက်ပါ.. ^_^
- software design ကတော့.. မလှပါဘူး..။ cmd လိုပါပဲ..။ အပြာရောင် screen မှာ.. code တွေရေးရတာပါ..။ လောလောဆယ်တော့.. program ရေးနည်းအကြောင်း.. အရင်ပြောလိုက်ကြရအောင်နော်..  :)

Structure of C++ program
 1. header file
 2. main program

Format
#include< header file >
void main( )
{
   program statement;
}

header file နေရာမှာ.. ဘာရေးရလဲဆိုရင်.. iostream.h ပါ..။
iostream.h ဆိုတာ.. ဘာကိုဆိုလိုတာလဲဆိုရင်.. Input Output Stream.Header ကိုပြောတာပါ..။

output ကို.. C++ မှာ..ဘယ်လိုထုတ်လဲဆိုရင်..
~ user ရိုက်ထည့်ချင်တာတွေကို.. cin>> နဲ့လက်ခံပါတယ်.။
~ user က..ကွန်ပျူတာ screen ပေါ်မှာ.. ပြချင်တာတွေကို cout<< နဲ့ထုတ်ပါတယ်.။

what are cin and cout?
~ cin ဆိုတာ.. Console Input ပါ။
~ cout ဆိုတာ.. Console Oupt to the monitor screen ကို..ပြောတာပါ..။
>> means  "Right Shift Assignment"
<< means  "Left Shift Assignment" လို့ခေါ်ပါတယ်..။
ဒါတွေက.. အခေါ်အဝေါ်အသုံးအနှုန်းတွေပါ..။ သိထားရင်တော့..အကောင်းဆုံးပါပဲ.. ^_^

နောက်ဆက်လက်ရေးသားမယ့်.. lesson တွေကို.. အားပေးကြပါဦးလို့ပြောကြားရင်း.. ဒီနေ့တော့.. ဒီလောက်နဲ့ပဲတော်လိုက်ကြရအောင်နော်... ^_^

$U Y4T4N4R  ~ www.technologicalvilla.blogspot.com


 
အားလုံးပဲ..မင်္ဂလာပါရှင်..အစ်ကို ITMinMin က Programming နဲ့ပတ်သက်တာလေးကို ရေးပေးပါဆို
ပြီးအကူအညီတောင်းထားလို့ ညီမအနေနဲ့ Programming အကြောင်းအရာတွေကို အခြေခံကနေစပြီး
ရေးသားသင်ကြားပေးမှာဖြစ်ပါတယ်..။ ယခုခေတ် အိုင်တီလောကသားတွေနဲ့ မစိမ်းတဲ့ Programming အကြောင်းကိုနည်းနည်း Intro ပြောပြမှာဖြစ်ပါတယ်.. နောက်လည်း သင်ခန်းစာတွေ ဆက်ရေးသွားဖို့ အစီအစဉ်ရှိပါတယ်. Programming လို့ပြောလိုက်တာနဲ့ ဘယ် Programming လဲလို့မေးနိုင်ပါတယ်။ Programmingမှာ ယေဘုယျအားဖြင့် 2 ပိုင်းရှိပါတယ်။ Software တွေထွင်တဲ့ Software Programming နဲ့ Website တွေရေးတဲ့ Web Programming ပါ။ ညီမ ဒီလိုမျိုးပြောပြနေလို့ ဆရာမကြီးလို့ မထင်လိုက်ပါနဲ့ဦးနော်..ညီမလည်းလေ့လာနေဆဲ့ သူတစ်ယောက်ပါ.
( နည်းပညာသမားတို့မည်သည် လေ့လာလို့ ကုန်သွားသည်မရှိ ^_^ )

Programming Language ဆိုတာအများကြီးရှိပါတယ်..သင်ဟာ အိုင်တီလောကထဲမှာ Programmer
တစ်ယောက်လုပ်ဖို့ဆုံးဖြတ်ထားမယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက ဘယ် Programming ကိုအထူးပြု
လေ့လာမလဲပေါ့..ဥပမာ C# , Java , VB , PHP , စသည်ဖြင့်ပေါ့..ဘယ်ဟာပဲ လေ့လာ လေ့လာပါ..
အားလုံးက သဘောတရားအတူတူကြီးပါဘဲ.. ဘယ် Program မဆို Condition စစ် , Looping ပတ်..
အားလုံးအတူတူကြီးပါဘဲ..ဒီတော့ အခြေခံကို ဘယ်ကနေ စလေ့လာမလဲဆိုတာ စဉ်းစားစရာပါ..အကြံ
ပေးချင်တာက C++ ကနေ လေ့လာတာ အကောင်းဆုံးပါ..ရိုးရှင်းတယ်..လွယ်ကူတယ်.. Run တဲ့နေရာ
မှာနည်းနည်း ခက်တာကလွဲပြီး ဘားမှမရှုပ်ပါဘူး ။ C ++ သာ ပိုင်ပိုင်နိုင်နိုင်ရခဲ့ရင်..အခြား Language
တွေကို အဆင်ပြေပြေလေ့လာနိုင်မှာပါ ။ Java အထူးပြုဆိုပြီး Java ကစပြီး မလေ့လာပါနဲ့ ။ Java က
အရှုပ်ဆုံးအခက်ဆုံးပါ :) C++ ကိုသာအရင်လေ့လာပြီးမှ ကျန်တာ ဆက်လေ့လာစေချင်ပါတယ်.. ဒါမှ
Programming တွေကို အလွယ်တကူနားလည်နိုင်မှာပါ။

နောက်တစ်ခုက Web Programming တွေအတွက်ပါ။ သူလည်း Software Programmer တွေလိုပဲ
အခြေခံ Programming Language  ကို ဘယ်ကနေစပြီး လေ့လာမလဲပေါ့။ HTML ကနေစပြီးလေ့လာ
တာအကောင်းဆုံးပါ။ PHP မှာလည်း HTML ပါပါတယ်။ C#.Net လည်းပါတာဘဲ ။ Wordpress , Drupal
, Joomala အကုန် HTML ကိုသုံးပါတယ်။ Animation Effect လေးတွေကို JavaScript နဲ့ရေးရင်တောင်
HTML ကိုထည့်သုံးရပါတယ်။ ဒါကြောင့် HTML ကို အစကနေ ကျွမ်းကျွမ်းကျင်ကျင်ရတဲ့အထိ လေ့လာ
စေချင်ပါတယ် :)

ညီမ..နောက်ပိုင်းမှာလည်း Web Programming နဲ့ Software Programming တွေကို ဆက်ရေးသွားဖို့
အစီအစဉ်ရှိပါတယ်..ညီမရေးမယ့် သင်ခန်းစာတွေကို အားပေးကြပါဦးလို့ပြောကြားရင်း အားလုံးကို
ကျေးဇူးတင်ရှိပါတယ်ရှင်...ရှေ့ဆက်ရမယ့်ဘ၀တွေ အေးချမ်းကြပါစေ :)

$U Y4T4N4R  ~ www.technologicalvilla.blogspot.com

Hi Suite For Android Phone

Sunday, May 19, 2013
Posted by TaikkyiThar
Tag :

Hi Suite ဆိုတာကတော့ Android Phone တွေကို PC နဲ့ ချိတ်ဆက်ပြီး Application,Game,Music,etc... တိုကိုထည့်သွင်းနိုင်တဲ့ ဆော့ဝဲလေးပါ။Contact,SMS တိုကိုလည်း Backup,Restore လုပ်နိုင်ပါတယ်။


Download MediaFire



Share By Taikkyi Thar
www.taikkyi-thar.blogspot.com
 
Facebook Fan Page ပိုင်ဆိုင်တဲ့လူတွေအတွက် Page တွေ ထိန်းချုပ်နိုင်တဲ့ Page Manger ဆော့ဝဲလေးပါ၊


Download Here

Predators™ v1.4.5

Posted by TaikkyiThar
Tag :

Predators ဆိုတာကတော့ ဂြိုလ်သား ဂိမ်းဖြစ်ပြီးတော့ ကစားသူက ဂြိုလ်သား နေရာက နေ ၀င်ရောက်ကစားရမှာဖြစ်ပါတယ်။Level အလိုက် လိုအပ်တဲ့လက်နက်ကရိယာများကို ၀ယ်ပြီး ကစားသွားရမှာဖြစ်ပါတယ်။








Download APK + OBB

Call Me! PRO v1.4.4

Saturday, May 18, 2013
Posted by TaikkyiThar
Features :
  • No Ads
  • Customize the language of the incoming call screen
  • Schedule a fake call at a specific time
  • Shake the phone to generate a fake call instantly
  • Specify caller name and phone number
  • Select contact image
  • Pick a contact from the phone contact list
  • Select ringtone
  • Select one of our built-in conversation sounds to be played after answering the call. great way to prank people!
  • Play the conversation sound via the speaker
  • Add vibration to the incoming call
  • Delay between shake and call
  • Vibrate or show a message when a call is scheduled due to a shake
  • Control the sensitivity of the shake
  • Log incoming call
  • Rotate/flip contact image
  • Customize calling screens to match your own phone
  • Nudge - generate infinite calls until you answer
  • Send feedback
What's in this version : (Updated : Nov 3, 2012)
  • Log incoming call
  • Rotate/flip contact image
  • fix some bugs
Required Android O/S : 2.2+
 
 
 
 
 

Myanmar Journal Download

Friday, May 17, 2013
Posted by TaikkyiThar





Myanmar Journal Download apk လေးပါ။အသစ်ထွက်တဲ့ Journal မှန်သမျှကို ရယူနိုင်ပါတယ်။


Download Here


Welcome to My Blog

- Copyright © Mobile Helper -Robotic Notes- Powered by Blogger - Designed by Johanes Djogan-Edited by Taikkyi Thar -